27/07/2010

ဘန်ကောက်တွင် မြန်မာမိန်းခလေးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပီးသေဆုံး

မချိုနွယ်ထွန်း၏ ရုပ်အလောင်းအား မီးသဂြိုလ်စက်သို့ သယ်ဆောင်နေကြစဉ်

မချိုနွယ်ထွန်းအားသူမ၏အလုပ်ရှင်သူဌေးမက နောက်ဆုံးနှုတ်ဆက်နေစဉ်

ကွယ်လွန်သူ၏ ရုပ်အလောင်အား အနီးကပ်မြင်တွေ့ရစဉ်
အသုဘဈာပနပွဲသို့ ရောက်ရှိလာကြသော ကွယ်လွန်သူ၏ သူငယ်ချင်းများ
အလုပ်ရှင်သူဌေးမ၏ ကွယ်လွန်သူ အတွက် ၀မ်းနည်းမှုပုံရိပ်
ကွယ်လွန်သူအတွက် ၀မ်းနည်းနေကြသည့် ကျန်ရစ်သူ သူငယ်ချင်းများ


ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊သူဌေးတစ်ဦးအိမ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူ မချိုနွယ်ထွန်း
အသက်(၂၂)နှစ်သည် ဇူလိုင်လ(၂၅)ရက်နေ့တွင် ကားတိုက်ခံရပီး ရုတ်တရက်သေဆုံးသွားသဖြင့်
ဇူလိုင်လ(၂၆)ရက်နေ့ ညနေ ၄နာရီခန့်အချိန်တွင် မြန်မာရဟန်းတော်များသီတင်းသုံရာ ၀ပ်တလုံး
ကျောင်းတိုက်တွင်အတွင်း၌ ကွယ်လွန်သူ၏ ရုပ်အလောင်းအား မီးသဂြိုလ်ခဲ့ကြောင်းသိရသည်။
ဖြစ်ပုံမှာ မချိုနွယ်ထွန်းသည် သူဌေးအိမ်တွင် အလုပ်လုပ်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ယခု
ကဲသို့ အပြင်သို့မထွက်ဘူးကြောင်းသိရှိရပြီး (၂၅)ရက်နေ့တွင်ကား သူမသည် ထိုင်းဘုန်းကြီးကျောင်း
၌ မြန်မာမိသားစုဝင်များ စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲမှာ နိုင်ငံကျော် ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ
(ဒယ်အိုးဆရာတော်)တရားဟောကြားမည်ဟု ကြားသိရသဖြင့် ၀ါဆိုသင်္ကန်းလာကပ်ရင်း တရားနာဘို့
အိမ်မှထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပီး သင်္ကန်းကပ်တရားနာပြီးအပြန်တွင် ဘတ်စကားတိုက်ခံရပီး
ပွဲချင်းပီး သေဆုံးသွားခဲ့ပါသည်။