23/06/2010

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်မှုအတွက် ၀မ်းမြောက်လွှာနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာနေ အဘ-ဦးကြည်စိုး၏ သမီး မသန်းသန်းစိုးနှင့်

အဘ-ဦးအောင်မောင်း၏သမီး မစုမြတ်မွန်တို့သည် ပညာသင်နှစ်-၂၀၀၉/၂၀၁၀ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

အောင်မြင်ကြကြောင်း အွန်လိုင်းမှတဆင့်ကြားသိရပါသဖြင့် ရပ်ရွာအတွက် ဂုဏ်ယူမိပါကြောင်း ပြည်ပရောက်

ပုဂ္ဂိုလ်များ၏ ကိုယ်စား မှတ်တမ်းတင် အပ်ပါသည်။

၎င်းစာမေးပွဲအောင်မြင်သူ မသန်းသန်းစိုးနှင့် မစုမြတ်မွန်တို့သည် နံ့သာကုန်းကျေးရွာ ကမ္ဘာ့ရန်ကင်း

ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သော နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းတက်ခဲ့ကြစဉ်

ကလည်းအဆင့်အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ခဲ့ကြသလို ယမန်နှစ်တက္ကသိုလ်ဝင်ခွင့်

စာမေးပွဲတွင်လည်း တစ်နှစ်တည်းဖြင့်ပင် ထူးခြားစွာ အောင်မြင်ခဲ့ကြသူများ ဖြစ်ပါသည်။


ယခုနှစ်တွင်လည်း နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ

တက်ရောက်မည့် အဖ-ဦးသိန်းလှိုင်၏သမီး သင်တန်းသူ မထက်ထက်စိုးအား ပညာသင်ထောက်ပံ့ကြေးအဖြစ်

တစ်သိန်းကျပ်တိတိကို သင်တန်းပြဆရာတော်များ၏ ကိုယ်စား ဆရာတော် ဦးသုဇနမှ ပေးအပ်ခဲ့ကြောင်း

သတင်းရရှိပါသည်။ို


17/06/2010

နွေရာသီယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းဆုနှင်းသဘင်အခမ်းနားမှတ်တမ်းဓာတ်ပုံများ

သင်တန်းနည်းပြဆရာတော်များအားတွေ့ရစဉ်
သင်တန်းသူ/သားများ
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းအောင်လက်မှတ်ပေးအပ်နေစဉ်
သင်တန်းသူ/သားများအားဆုပေးပွဲအပြီးသင်တန်းပြဆရာတော်များနှင့်အတူအမှတ်တရ
အဆင့်အသီးသီးမှ ပထမဆုရှင်များးဖြစ်ကြသည့်မနှင်းအိထွေး၊မဝေေ၀လွင်၊မဝေေ၀ခိုင်(၀ဲမှယာ)
သင်တန်းသူ/သားများအားဆုပေးပွဲအပြီးသင်တန်းပြဆရာတော်များနှင့်အတူအမှတ်တရ
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင်ပုဂ္ဂိုလ်များ အမှတ်တရ
သင်တန်းအောင်ပွဲအထိမ်းမှတ်အဖြစ် ကျင်းပမည့် ဓမ္မသဘင်စင်မြင့်အား တွေ့ရစဉ်
ဓမ္မကထိကဆရာတော်အရှင်အစ္ဆရိယမှ ယဉ်ကျေးလိမ္မာ တရားတော်များ ဟောကြားနေစဉ်
ဓမ္မကထိကဆရာတော်အရှင်ရာဇိန္ဒ(မောင်မင်းစိုး-ရွှေနံ့သာ)မှ ယဉ်ကျေးလိမ္မာ တရားတော်များ ဟောကြားနေစဉ်
ရောက်ရှိလာကြသည့် ရပ်ဝေးရပ်နီးမှ တရားနာပရိသတ်များ
တရားနာယူနေကြသည့် သင်တန်းသူ/သားများ
တရားနာယူနေကြသည့် သင်တန်းသူ/သားများ

(ကျေးဇူးတင်လွှာ)မှတ်တမ်းဓာပုံများ ပို့ပေးသော မောင်မင်းစိုး(ရွှေနံ့သာ)အား အထူးပင်
ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဆန်းသစ်အောင်